လပွတ္တာ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကား ပြောကြားရာတွင် စိုက်ပျိုးရေးကိစ္စများဆွေးနွေးခြင်း၊ အခွန်အခကောက်ခံရရှိရေး၊ ကိုဗစ်ဆေးထိုးကျန်ရှိသူများအား ဆက်လက်ထိုးနှံရေး၊ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ခရိုင်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းအသီးသီးရှင်းလင်း တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်