သတင်းများ

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Jul 06,2022
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာ၊ အုန်းတောဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတောင်သူများနှင့် တွေ့ဆုံသည်။
အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၆၁၈) ဦးအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Jul 06,2022
ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပညာရေးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁ဝ နာရီအချိန်မှစတင်၍ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁ဝ)ရပ်ကွက်၊ အမှတ်(၁၂)အခြေခံပညာ အလယ်တန်းကျောင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၆၁၈)ဦးအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် သတိပေး တားမြစ်ချက် ဗွီနိုင်းပိုစတာစိုက်ထူခြင်းများ ဆောင်ရွက်
Jul 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ငါးရစ်ငါးသန်ကာလ ငါးဖမ်းဆီးမှု မပြုလုပ်ကြရန် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့် သတိပေးတားမြစ်ချက် ဗွီနိုင်းပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက်က မြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များ၊ စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းတို့နှင့် တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
Jul 06,2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမားရိုးကျ ထုတ်လုပ်မှုမှ စံချိန် စံညွှန်းပြည့်မီသည့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ရေရှည် တည်တံ့သော စီးပွားဖြစ် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့နှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက်တွင် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မသန်စွမ်းသူများ အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက် ကျန်စစ်သားအိမ်ရာ စျေးလေးမှတ်တိုင် မာရ်အောင်ဓမ္မာရုံတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကျင်းပ
Jul 06,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို မြို့နယ် အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ အမှတ် (၁)(၂) (၃) အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 06,2022
ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်တားဆီးနိုင်စေရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများက ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် စွမ်းစွမ်းတမံပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့်အတွက် အဆိုပါ စေတနာ့ဝန်ထမ်းများအား ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် တောင်ကြီးမြို့ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ
Jul 05,2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး အခြေခံပညာဦးစီးဌာနမှ ပညာရေးမှူးများနှင့် အတူ ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ သူများအားတွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို အဓိကထားသင်ယူကြရန်လိုကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂတ် ခေါင်းဆောင်များ၊ နိုင်ငံအင်အားများဖြစ်၍ အရည်အချင်းနှင့်ပြည့်စုံပြီး အားကိုးအားထားပြုနိုင်သည့်လူငယ်များ ဖြစ်ရန်လိုကြောင်း၊ ပညာတတ်လူတော်လူကောင်းများဖြင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်၍ ဗလငါးတန်ပြည့်ဝသည့်လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်မှ ပညာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ တိုးတက်မှုရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို အသစ်ဖွင့်လှစ်ပြီး လူငယ်များကျန်းမာကြံ့ခိုင်ရေးနှင့် အသိပညာဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာသင်ချိန်တွင် ပညာရေးကိုသာ စိတ်ဝင်စားပြီး ဆုံးခန်းတိုင်အောင်မြင် ပြီးမြောက်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း စည်းကမ်းကောင်းမွန်ပြီး အကျင့်စာရိတ္တကောင်းသော လူငယ်များဖြစ်အောင်ကြိုးစားရန်လိုအပ်ကြောင်း၊ မိဘဆရာများ၏ သွန်သင်ဆုံးမသင်ကြားပြသမှုများကို လေးစားလိုက်နာကျင့်ကြံကြပြီး နိုင်ငံသားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ဆရာဆရာမများ အနေဖြင့်လည်း မိမိတို့၏တပည့်များကို စာတတ်အောင်သာမက အသိပညာဗဟုသုတ ပြည့်စုံပြီး ဘက်ပေါင်းစုံတွင်ထူးချွန်ထက်မြတ်သည့် သားကောင်းရတနာ အဖိုးတန်လူငယ်များဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြပါရန် တိုက်တွန်းမှာကြားခဲ့သည်။