သတင်းများ

သဲကုန်းမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများမှ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား
ကျောင်းကုန်းမြို့၌ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် Talk Show ပြုလုပ်
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)အဆင့် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 07,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) အဆင့် သင်တန်းဆင်းပွဲ အခမ်း အနားကို ယမန်နေ့ နံနက်(၁၀)နာရီက ရတနာခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)အထိ ကျောင်းသားကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Jul 07,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်၍ အခြေခံ ပညာအထက်တန်းကျောင်း စုရပ်(၄)ခုတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ညောင်ကျိုးကျေးရွာတွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရိုးတလျှောက်တွင် စက်လှေ၊ သင်္ဘောများခရီး သွားပြည်များ အား Life Jacket ဝတ်ဆင်အသုံးပြုသွားလာရေး အသိပညာပေး
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာ စက်‌လှေဆိပ်ကမ်းတွင် ယမန်‌နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရိုးတစ်လျှောက် စက်လှေ၊ သင်္ဘောများဖြင့် ခရီးသွားပြည်သူများအား Life Jacket ဝတ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းများ‌ ဆောင်ရွက် ခဲ့‌သည်။
ကျိုက်ဒုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပ
Jul 07,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ် ကျန်းမာရေးအထောက်အကူပြုကော်မတီမှ ကျန်းမာရေးဆိုင်ရာ ကူညီမှုများ ပြန်လည်ဆောင်ရွက်နေ
Jul 07,2022
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း နွမ်းပါးပြည်သူများ၏ ကျန်းမာရေး အခက်အခဲများအား ကူညီထောက်ပံ့ဖြေရှင်းခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဘိုကလေးမြို့နယ် ကျန်းမာရေး အထောက်အကူပြုကော်မတီသည် မကြာခင်အချိန်က အခက်အခဲအမျိုးမျိုးကြောင့် ကူညီ ထောက်ပံ့မှုများ ယာယီရပ်နားခဲ့ရာမှ ဇူလိုင်(၅)ရက်နေ့တွင် မြို့နယ်ဆန်စက်ပိုင်ရှင်များ အသင်းရုံးတွင် ကော်မတီဝင်များ တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာ ကူညီမှုများ ပြန်လည်ဆောင်ရွက်ရန် ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ ကြပြီး ယခုအခါ ကူညီထောက်ပံ့ မှုများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်သည်။
အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်းများရှိ  နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်
Jul 07,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များရှိ နေရပ်ပြန်မည့်တိုက် ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၅၁)စု၊ လူဦးရေ (၇၀၇)ဦးအား ဇူလိုင်(၆)ရက်​နေ့က ငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့နံနက် (၉:၃၀)အချိန်က မိုးလုံလေလုံ အားကစားခန်းမမှ ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။