သတင်းများ

ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့်သရုပ်ပြခြင်းဆောင်ရွက်
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့်သရုပ်ပြခြင်းကို ယနေ့နံက်ပိုင်းက အ.မ.က(ဖောင်းကန်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 07,2022
မိတ္ထီလာမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ အောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ သား သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စစ်မှုထမ်းဟောင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်၌ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို
သရက်ချောင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက် (၁၈) နှစ်အထိကျောင်းသား/ကျောင်းသူများအားကိုဗစ်-၁၉ ကာကွယ် ဆေး(ဒုတိယ)အကြိမ်ပြည့် ထိုးနှံပေး
Jul 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ''ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ကြပါစို့''ဆိုသည့် ဆောင်ပုဒ်အတိုင်းနိုင်ငံတော်မှ အသက်(၅)နှစ်မှ (၁၈)နှစ်အထိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့က စတင်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦစီးဌာနတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။
သူငယ့်ချောင်ကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jul 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား
ပုလောမြို့နယ်၌  ကလေးသူငယ် အခွင့်အရေးကိုယ်တိုင်သိရှိ နားလည်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jul 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ရနံ့သိုက်ရေးသားသည့် “သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ” စာအုပ်အားယနေ့နံနက်(၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။