သတင်းများ

စမ်းချောင်းမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး Tallk Show ကျင်းပပြုလုပ်
Jul 07,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ဇူလိုင်(၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၅)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို  အသိပညာပေး Talk Show ကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၇)ရက်နေ့၊နံနက်ပိုင်းမှစ၍ ပြည်သူ့ဆေးရုံကြီး၊ မြို့တော်ခန်းမ၊ ပညာရေးဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဒေသန္တရကျန်းမာရေးရုံးများ စသည့် ကာကွယ်ဆေးထိုးစုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ရသေ့တောင်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမနှင့် ဒုတိယအကြိမ်တို့အား ဆက်လက်ထိုးနှံ
Jul 07,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများ ခွဲကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပထမအကြိမ်နှင့် ဒုတိယအကြိမ်အား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပြင်စလူမြို့၌ (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် (Youth Club) အဖွဲ့ဝင်များနှင့် ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော စာပေတာဝန် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
သိန္နီမြို့ အမှတ်(၃)ရပ်ကွက်ရှိ စကားဝါလမ်းအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း (၈၀%)ပြီးစီး
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ စည်ပင်သာယာရေးဌာနမှ ပြည်သူများ အသုံးပြုသွားလာလျက်ရှိသောလမ်းများ ပိုမိုကောင်းမွန်စေရေးအတွက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သိန္နီမြို့ရပ်ကွက်(၃)အတွင်းရှိ စကားဝါလမ်းအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းသည် (၈၀%)ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
မံစီမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jul 07,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Jul 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် အသစ်ငှားရမ်းပေးခြင်းနှင့် ယခင်ငှားရမ်းထားသော စာအုပ်များပြန်လည် သိမ်းဆည်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းသွား‌ရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့၌ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။