သတင်းများ

ကျောက်မဲမြို့နယ်မှအသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်ရှိ အသက် ၅ နှစ်မှ အသက် ၁၂ နှစ် ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ အထက(၁)၊ အလက(ခွဲ)အမက(၅)၊ အမက(၁/၃/၁၂/၁၃)၊ နမ့်ဟူးတောင်း မူလွန်ကျောင်းများရှိ  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်နှင့်ဝန်ထမ်းများသည် ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျောက်မဲမြို့၊ အထက(၂) ကျောင်း၊ ပတ္တမြားခန်းမ၌ ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ် ဝမ်းစာဖူလုံရေးအတွက် အထွက်ကောင်းမျိုးစပါး ဆင်းဧကရီ(၃)မျိုး ပြောင်းလဲစိုက်ပျိုးသော တောင်သူများထံ ကွင်းဆင်းကြည့်ရှု
Jul 07,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်ကောင်း မျိုးစပါး ဆင်းဧကရီ(၃) မျိုးပြောင်းလဲစိုက်ပျိုးသော တောင်သူများထံသို့ ကွင်းဆင်းကြည့်ရှုမှုကို ယမန်နေ့ နံနက် ၁၀ နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့၌ စာဖတ်ရှိန်မြင့်တင်‌ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း၊‌‌ ဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်
Jul 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ဟွေအော့ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၁၀:၀၀)က နယ်လှည့်စာကြည့်တိုက်လုပ်ငန်း၊ မူးယစ်ဆေးဝါး အသိပညာပေး‌ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသပေးခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Jul 07,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ
မြစ်ကြီးနားမြို့၌ အသိပညာပေးဟောပြောပွဲနှင့် သုတရသစာအုပ်များ လှူဒါန်းပွဲကျင်းပ
Jul 07,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဒူကထောင်ရက်ကွပ်၊ အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်း ဒူဝါခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် သုတရသစာအုပ်များ လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ သည်။
မိုင်းခုတ်မြို့၊ အမက(ဟိုခန့်)၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နေ့လယ် ၁၁ နာရီကဟိုခန့်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ ပုဂံညောင်ပင်ရေလွှဲပေါက်အတွင်း ငါးကောင်ရေ ၃၈၀၀၀၀ ငါးမျိုးစိုက်ထည့်
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း ပုဂံညောင်ပင်ရေလွှဲပေါက်အတွင်းသို့  ငါးသယံဇာတများရေရှည်စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးစားသုံးမှုဖူလုံစေရေးတို့အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက်  ၉ နာရီအချိန်က  ပြွန်ပေါက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။