သတင်းများ

တပ်ကုန်းမြို့၌ VDP စီမံကိန်းကျေးရွာ(၁၁)ရွာနှင့်Cash For Work စီမံကိန်းကျေးရွာ(၂)ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ
Jul 07,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ကျေးရွာ(၁၁)ရွာနှင့် Cash For Work စီမံကိန်းကျေးရွာ(၂)ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂ခုနှစ် မိုးရာသီစု​ပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပ
Jul 07,2022
စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင်/မြို့နယ် သစ်​တောဦးစီးဌာနတို့ ပူး​ပေါင်းကာ ၂၀၂၂ခုနှစ် မိုးရာသီတစ်အုပ်တစ်မ (တမာ) သစ်ပင် စု​ပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲက​ရွှေဘိုတက္ကသိုလ် ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဒလမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လျှပ်စစ်အန္တရာယ် အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
Jul 07,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်း၌  ယမန်နေ့က  လျှပ်စစ်အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့၌ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး
Jul 07,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် မြို့ခင်းသာတောင်ကျောင်းတိုက်၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဆရာတော်၊ သံဃာတော်များအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့သည်။
မင်းလှမြို့နယ်တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာပြ (Point) ကောက်ယူခြင်းဆောင်ရွက်
Jul 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ (GIS)နည်းပညာဖြင့် တည်နေရာပြ (Point) ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက ထန်းကိုင်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
မိုးမိတ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြ
Jul 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ခရိုင်ကြက်ခြေနီတပ်ဖွဲ့ အသင်းဝင်များက ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့်တွေ့ဆုံ
Jul 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျိုက်လတ်၌ ကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊  အမှတ် (၂)အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့နေ့လယ်  (၁) နာရီက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။