သတင်းများ

ရေဆင်း-၁၄ ပဲတီစိမ်းများ စျေးကွက်သို့ တင်ပို့ရောင်းချ
Jul 07,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ တောင်သူများသည် မိုးစိုက်သီးနှံများအဖြစ် နှမ်းလျင်၊ ပင်ထောင်မြေပဲ၊ ပဲတီစိမ်း၊ ပဲနောက်သီးနှံများစိုက်ပျိုးခဲ့ရာ ယခုအခါပဲတီးစိမ်းသီးနှံတစ်မျိုးဖြစ်သည့် ရေဆင်း-၁၄ ပဲတီစိမ်းများရင့်မှည့်သဖြင့် ရိတ်သိမ်းခူးဆွတ်၍ စျေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး
Jul 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ Mobile Library စနစ်ဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်၊စာစောင်များ အခမဲ့ သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
လှည်းကူးမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Jul 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါမှကင်းဝေးပြီး  ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက်
ချောင်းဦးမြို့ အနော်ရထာခန်းမတွင် အသက် ၅ နှစ်နှင့်အထက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်နှင့် အသစ်များထိုးနှံပေး
Jul 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အနော်ရထာခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး ကျောင်းဖွင့်လှစ် ပညာသင်ကြားနေသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ ရောဂါကင်းစင် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများ ဒုတိယအကြိမ်နှင့် ကျောင်းသားအသစ်များအား ပထမအကြိမ် ထိုးနှံပေးခဲ့​ကြောင်း သိရသည်။
စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအသိပညာပေး ကွင်းဆင်းဆွေးနွေး
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကိုကျင်းပလျက်ရှိရာ ယမန်နေ့က မတောင့်တကျေးရွာတွင် ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းဆောင်ရွက်
Jul 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းဝင်းသိန်းဦးနှင့်အဖွဲ့မှ ကြို့ဝကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ မြေပြင်လူဦရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
ရမ်းဗြဲမြို့နယ် စာရင်းစစ်ရုံး အဆောက်အဦးသစ်ဖွင့်ပွဲ ကျင်းပ
Jul 07,2022
ရမ်းဗြဲမြို့နယ် စာရင်းစစ်ရုံး အဆောက်အဦးသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က မြို့နယ်ရုံး ဆိုင်းဘုတ်အား မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့  ဥက္ကဋ္ဌဦးခင်‌မောင်သန်းနှင့် မြို့နယ် စာရင်းစစ်အရာရှိ ဒေါ်စောသူဇာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြသည်။
လုံခြုံရေးအရခေတ္တလာရောက်ရှောင်တိမ်းနေရသူများအား ဆန်ရိက္ခာဘိုးထောက်ပံ့ငွေများပေးအပ်
Jul 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာများသို့ လုံခြုံရေးအရခေတ္တလာရောက်ရှောင်တိမ်းနေသော ပြည်သူများအတွက် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဘိုးထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ပွဲကို ယမန်နေ့ နေ့လည်  ၃  နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။