သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ် ဆောင်ရွက်
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယနေ့နံနက် ၈နာရီအချိန်က မြို့နယ်အတွင်းရှိ ဝက်သား အရောင်းဆိုင်များနှင့် ဝက်မွေးမြူရေးခြံများတွင် အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ဝက်ဝမ်းကျ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်သည်။
နတ်မောက်မြို့၌ လူငယ်ရေးရာ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
Jul 14,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ (၁၈) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 14,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျောက်မှော်ကျောင်းတိုက်တွင် ယမန်နေ့က ဌာနဆိုင်ရာများစုပေါင်း၍ (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးမျိုးဇော်ဟိန်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ကျောက်ဖြူမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်
Jul 14,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးလုံခြုံရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက တောင်ရင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်၌ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဟောပြောပွဲ ကို ယနေ့နံနက် ၉ နာရအချိန်က မင်းလှ အခြေခံပညာ အထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူများနှင့် ဒေသနေပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်ရန်အတွက် ပြသဆောင်ရွက်ထားကြောင်း သိရှိရသည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jul 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြေပြင်လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်
Jul 14,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရန် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်၌ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ၊ တိုက်ဆိုင် စစ်ဆေးကြီးကြပ်ရေး အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။