သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူ-ညောင်ကျိုး ဆက်သွယ်ရေး ကားလမ်းမအား ငဝန်မြစ်ရေ တိုက်စားပြိုကျ‌နေမှုနှင့်‌ Floating Unit ဆောင်ရွက်ထားမှုများ ကြည့်ရှု စစ်ဆေး
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ည‌နေပိုင်းက အင်္ဂပူမြို့နယ်၊ ဝက်လဟာ ကျေးရွာအုပ်စု၊ ကညင်တပင်ကျေးရွာအတွင်းရှိ အင်္ဂပူ-ညောင်ကျိုး ဆက်သွယ်ရေးကားလမ်းမအား ငဝန်မြစ်ရေ တိုက်စားပြိုကျမှုနှင့်‌ ရေတိုက်စားမှုလျော့နည်းစေရန် Floating Unit ဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းယုမြို့၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူး အကြောင်း အသိပညာပေးဆွေးနွေး
Jul 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်မားလာစေရန်အတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း အသိပညာပေး Talk Show ကို
ချောင်းသာရွှေသာယာမြို့မစျေးနှင့် အဝေးပြေး ယာဉ်ရပ်နားကွင်း၌ မိုးရာသီကာလ ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် မိုးရာသီကာလ ရေစီးရေလာ ကောင်းမွန်ပြီး ရေဝပ်၊ ရေအိုင်ခြင်းများ၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရန်အတွက် မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့စည်ပင်သာယာရေးအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရွှေသာယာမြို့မ စျေးနှင့် အဝေးပြေးယာဉ်ရပ်နားကွင်း၌ ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  (၇၅)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲကျင်းပ
Jul 14,2022
၂၀၂၂-ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲနှင့် နံရံကပ်ဓါတ်ပုံပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်ကတံတားဦးမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre )ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြဝတီခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 14,2022
ကရင်ပြည်နယ်၊  မြဝတီခရိုင်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာပေချစ်မြတ်နိုးသူ(Book Club)အသင်းဝင်များစုပေါင်း၍ ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် ခင်စောတင့်ရေးသားသည့်“သင့်ဘဝကိုပြောင်းလဲပစ်နိုင်မယ့်နည်းလမ်း၆၀” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ကြသည်။
မိုင်းယုမြို့၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိပညာပေး ဆွေးနွေး
Jul 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်မားလာစေရန်အတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း အသိပညာပေး Talk Show ကို
ကျောက်ဆည်မြို့နယ်တွင် မိုးစပါး (၅၂,၈၁၇) ဧက လျာထားစိုက်ပျိုး
Jul 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးစပါး (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်းရှိရာ ဧရာမင်းစပါး (၄၁၀၀၀) ဧက၊ မနောသုခ (၈၀၀၀) ဧက၊ ရွှေမနော် (၃၀၀၀) နှင့် ဆင်းသုခ (၈၁၇) ဧကဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
သံတောင်ကြီးမြို့နယ်တွင်(၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲဆောင်ရွက်
Jul 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် အာဇာနည်ခေါင်းဆောင်များ၏ အကြောင်းအရာများသိရှိစေရန်နှင့်အစဉ် အောက်မေ့သတိရစေရန်(၇၅)နှစ် မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။