ကရသူရိ ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းပုံရိပ်များ၊ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အနာဂတ်သားကောင်းရတာနာ ကျောင်းသား/သူများပေါ်ထွန်းရေး အသိပညာပေးကျင်းပခြင်းဖြစ်ကြောင်း အဆိုပါပြိုင်ပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆရာ/ဆရာမများက ဆုရွေးချယ်မှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကရသူရိ (ပြန်/ဆက်)