အထက်မင်းလှ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မဲစာရင်းများမှန်ကန်စေရန် မြေပြင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်၌ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ၊ တိုက်ဆိုင် စစ်ဆေးကြီးကြပ်ရေး အဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစန်းမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများအဖွဲ့က မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို ရပ်ကွက်/ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသည့်ရပ်ကွက်/ကျေးရွာ များတွင်လည်း မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ၊ တိုက်ဆိုင်စစ်ဆေးကြီးကြပ်ရေးအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)