သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၊ အိမ်ထောင်စုနှင့် လူဦးရေစာရင်းများ ကောက်ယူပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်
Jul 14,2022
မွန်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ တွင် ကျင်းပရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင်(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်
Jul 14,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲကို ပြုလုပ်ကျင်းပခဲ့သည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး
Jul 14,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်း မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာရေး၊ သွားလာမှုလွယ်ကူလျင်မြန်ပြီး ယာဉ်အန္တရာယ် ကင်းဝေးရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ ညနေ ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိစေရန်အတွက် ဆီနေကြာတိုးချဲ့စိုက်ပျိုးရန်လျာထား
Jul 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တောင်သူများဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံမှုရရှိစေရန်ရည်ရွယ်၍
ဘိုကလေးမြို့ ကျက်သရေဆောင် မြို့လည်အောင်တော်မူဘုရားကြီးတွင် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ
Jul 14,2022
မြို့နယ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ရောဂါဘယ ကပ်ဆိုးများ၏ဘေးမှ ကင်းလွတ်စေရေး အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မြို့လယ် ကျက်သရေဆောင် မဟာအောင် တော်မူဘုရား တန်ဆောင်းတော်ကြီးတွင် ယနေ့ နံနက် အာရုဏ် တက်ချိန်မှ စတင်၍ ဗုဒ္ဓဘိသေက အနေကဇာ တင် မင်္ဂလာနှင့် အတူ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ စတင်ကျင်းပသည်။
သရက်ချောင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးအစီအစဉ်အနေဖြင့် ဟောပြောပွဲ ကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် အသက် ၆လမှအသက် ၅နှစ်အောက် ကလေးသူငယ်များဘီတာမင်အေနှင့် သံချဆေးတိုက်ကျွေး
Jul 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် ၆ လမှ အသက် ၅နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ဘီတာမင်အေနှင့်သံချဆေး တိုက်ကျွေးခြင်းကို ယမန်နေ့မှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။