သတင်းများ

သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများအား ထုတ်ပေး
Jul 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေး ဘဏ်မှမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက်စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်စာဖတ်အသင်း(youth club)နှင့် စာဖတ်ဝိုင်းပြုလုပ်
Jul 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး ပင်းတယမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် (Youth Club)လူငယ်အသင်းတို့ပူးပေါင်း၍ စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားထားသည့်" သူတို့ ဘာကြောင့် ကမ္ဘာကျော်တာလဲ "စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ငပု​တောမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကျင်းပ
Jul 14,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာ အထက်တန်း ကျောင်း သပြေနုဆောင်တွင် ကဗျာ၊ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စက္ကူပန်းအိုးအလှ အိမ်တွင်းလက်မှု ပညာသင်တန်း (အခမဲ့) ဖွင့်လှစ်
Jul 14,2022
မန္တလေးတိုင်း​ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အသင်းတို့ ပူးပေါင်း၍ စက္ကူပန်းအိုး အလှအိမ်တွင်း လက်မှုပညာသင်တန်း (အခမဲ့)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
မန္တလေးတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့်  ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 14,2022
မန္တလေးတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မန္တလေးတက္ကသိုလ် မိုးလုံ လေလုံအားကစား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းလုံမြို့ လူထုအခြေအပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ လူထုအခြေအပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အာဇာနည်နေ့သမိုင်းကြောင်းနှင့် အခြားသိမှတ်ဖွယ်ရာများကို အမှတ်ရစေရန်ရည်ရွယ်၍  (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
မိုးညှင်းမြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆေးရောင်ခြယ်၊ စက္ကူခေါက်နှင့် ပုံပြင်ပြောပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Jul 14,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပ ပြုလုပ်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်၊ စက္ကူခေါက်၊ ပုံပြင်ပြောပြိုင်ပွဲများနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် (၉)နာရီခွဲက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ
Jul 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အဆင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဆောင်းပါး၊ စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို