သတင်းများ

ရွှေကျင်မြို့နယ်တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀) နာရီတွင် ညောင်ဝိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်‌ကျောင်း တွင် ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်
Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ဉာဏ်စမ်းပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဗိုလ်ချုပ်ပုံတူခဲ ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
အိမ်မဲမြို့နယ် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jul 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ စာပေ ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူးပေါင်း၍ သုတပဒေသာ‌ သူငယ်‌ရေးရာ စာစောင်တွင် သန့်လွင်ထွန်း (MPA) ရေးသားသည့် ကလေးအလုပ်သမား ပပျောက်ရေး ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းငေါ့မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် အခြေခံပညာ‌ကျောင်းများသို့ စာအုပ်စာစောင်များ သွား‌ရောက်ငှားရမ်းပေး
Jul 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကိုဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏ အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် အ.မ.က ကျောင်းသို့သွား‌ရောက်၍ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆရာ၊ ဆရာမများအား Booster ထိုးနှံခြင်းများ ကွင်းဆင်းဆောင်ရွက်
Jul 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် ၅ နှစ် မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
မံစီမြို့နယ်တွင် (၇၅) နှစ်‌မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ
Jul 14,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့သည်။
ပုံပါကျင်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့်စာအုပ်မိတ်ဆက်ခြင်း အစီစဉ်လွှင့်တင်ဆောင်ရွက်ပေးခြင်း
Jul 14,2022
ရှမ်းပြည်နယ်(အရှ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် Online မှ တစ်ဆင့်စာအုပ်မိတ်ဆက်ခြင်းအစီစဉ်ကို ယနေ့(၁၁)နာရီအချိန်က ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၅) နှစ်​မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jul 14,2022
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။