ပင်းတယမြို့၌ ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ ကျင်းပ
Jul 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူခြင်းအား ဒေသတွင်းရှိဌာနဆိုင်ရာများ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် ယနေ့နံနက် ၉ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။