မော်လမြိုင် ဇူလိုင် ၁၉
မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ယမန်နေ့နေ့လည်ပိုင်းက မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်များ၌ အိမ်ထောင်စု စာရင်းပုံစံများအား သက်ဆိုင်ရာ ဝန်ထမ်းများက Data Base စနစ်ဖြင့် ဖြည့်သွင်းစိစစ်နေမှု အခြေအနေများနှင့် ပတ်သက်၍ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက လူဦးရေနှင့် အိမ်ထောင်စု အကြောင်းအရာများအား ပြည့်စုံမှန်ကန်စွာ ရရှိထားမှသာလျှင် ပြည်သူများ၏ အကျိုးစီးပွားအတွက် ထိရောက်စွာ ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပြီး လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေးစသည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ မှန်ကန်သော စာရင်းဇယား အချက်အလက်များရရှိရေးအတွက် ဝိုင်ဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် ယခုဆောင်ရွက်သည့် စီမံချက်သည် နိုင်ငံအတွက် လုပ်ငန်းများ ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များ အလိုက် ဖြည့်သွင်းစိစစ်ရမည့် အိမ်ထောင်စုစာရင်းပုံစံ အရေအတွက်များအား သတ်မှတ်ရက်အတွင်း ပြီးစီးရေးအလေးထား စီမံဆောင်ရွက်ကြရန်ဖြစ်ကြောင်းဖြင့် လမ်းညွှန်ပြောကြားကာ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။
မွန်ပြည်နယ်အတွင်း အိမ်ထောင်စု စာရင်းပုံစံများအား ဖြည့်သွင်းစိစစ်ခြင်းများကို သက်ဆိုင်ရာ မြို့နယ်များအလိုက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် မြို့မိမြို့ဖများမှ မြို့နယ်များအလိုက် စုရပ်နေရာ အသီးသီးတို့တွင် ဖြည့်သွင်းစိစစ်ခြင်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်