ဝက်လက်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ လွမ်းသူပန်း‌ခွေချခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကျင်းပပြုလုပ်

ဝက်လက် ဇူလိုင် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၌ ၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် အာဇာနည်နေ့ လွမ်းသူပန်းခွေချခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို ယ‌နေ့ နံနက်(၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ခမ်းအနားတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား တက်ရောက် လာကြသူများ က (၁)မိနစ် ငြိမ်သက်အလေးပြုခဲ့ကြပြီး အခမ်းအနားမှူးက အာဇာနည်နေ့နှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြပေး ခဲ့သည်။

ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသန်းထိုက်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကျဆုံးလေပြီးသော ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမှတ်တရဓာတ်ပုံ‌များရှေ့တွင် လွမ်းသူပန်းခွေချ အလေးပြုခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်း အင်အား (၈၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဥမ္မာဝင်း(ဝက်လက်)