မြောင်းမြ ဇူလိုင် ၁၉
ဧရာတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အာဇာနည်နေ့ အထိမ်းအမှတ် Talk Show ကို နံနက် ၁၁ နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒုတိယဦးစီး ဒေါ်ခင်ရူပါအေးက အာဇာနည်နေ့ အထိမ်းအမှတ် (Talk Show) ပြုလုပ် ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အ.မ.က ဘုရားချောင်း (မူလွန်) ကျောင်းမှ ဆရာမကြီး ဒေါ်အုန်းကြိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ အကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး (Talk Show) အပါအဝင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူ ခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)