နတ်မောက်မြို့၌ တစ်နိုင်တစ်ပိုင် ဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေ ရရှိ

နတ်မောက် ဇူလိုင်  ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မြို့မကွက်သစ်ရပ်ကွက်တွင်  တစ်နိုင်တစ်ပိုင် ဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေ ရရှိကြောင်း သိရသည်။

“ဖရုံများကို စိုက်ပျိုးရာမှာဆိုရင်တော့ ထိုင်း ဖရုံမျိုးစေ့များဖြစ်ပြီး မျိုးစေ့တစ်ထုပ်လျှင် (၇၅၀၀)ပေးဝယ်ရပြီး မျိုးစေ့(၂)ထုပ်နှင့် လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် အပင်များအား နှစ်တောင်စီ အကွာအဝေးထား စိုက်ပျိုးထားပြီး ရေကို တစ်နေ့(၂)ကြိမ် လောင်းရပါတယ်၊ ရာသီဥတုနဲ့ရေ ရရှိမှုပေါ် မူတည်ပြီးတော့ စိုက်ပျိုးပြီး (၁)လကြာလျှင် ခူးယူရောင်းချလို့ရပါပြီ၊ ကျွန်တော်ကတော့ အသီးကို အဓိကမထားဘဲ အညွန့်ကိုသာ အဓိကထားပြီး ရောင်းချပါတယ်၊ ဖရုံညွန့်(၃)ညွန့်ကို (၁)စီး စီးပြီးတော့ အစီး(၁၂)စီးကို (၁)ထောင်နဲ့ ဖောက်သည်ကို ရောင်းချပါတယ်” ဟု ဖရုံစိုက်ပျိုးသူ  ဉီးကျော်စိုးက ပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးဖြိုး