မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ ကုသရေးအဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

အထက်မင်းလှ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ ကုသရေးအဆောင် ဆောက်လုပ်နေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ယမန်နေ့နံနက် ၁၁ နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ကိုဗစ် - ၁၉ ကုသရေးအဆောင်ဆောက်လုပ်ရန် မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မတည်လှူဒါန်း‌ငွေနှင့်‌ စေတနာရှင်ပြည်သူများ     စုပါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ခြင်းဖြစ်ရာ အဆောက်အဦးမှာ အလျား ၇၀ ပေ၊ အနံ ၂၆ ပေ၊ အမြင့် ၁၀ ပေ (Steel Structure)တစ်ထပ်အဆောက်အဦးဖြစ်ပြီး ကိုဗစ် ၁၉ ကုသရေးအဆောင် ဆောက်လုပ်နေမှုအား      မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)