လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေး

လေးမျက်နှာ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်ရာသီ အလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် သခွတ်ချောင်းကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့သည်။

လေးမျက်နှာမြို့နယ်အနေဖြင့် ယခုနှစ်တွင် ကျေးရွာအုပ်စု ၄၇ အုပ်စုရှိ တောင်သူ ၅၅၀၀ ဦး၏ မိုးစပါးစိုက်ဧက ၂၅၀၀၀ ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း (၃၇၅၀၀)သိန်း ထုတ်ချေးပေးရန် လျာထား ဆောင်ရွက်လျက်ရှိပြီး သခွတ်ချောင်းကျေးရွာအုပ်စုမှ မိုးစပါးစိုက် တောင်သူ ၄၇ ဦး၏ စိုက်ဧက ၃၁၂ ဧက အတွက် ချေးငွေကျပ် ၄၈၆ သိန်း ထုတ်ချေးပေးခဲ့သည်။ လေးမျက်နှာမြို့နယ်တွင် နှစ်စဉ်မိုးရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ အား မိုးစပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲဖြင့် စိုက်ပျိုးချိန်အမီ မေလ ၂၀ ရက်မှ စတင် ထုတ်ချေးပေးလျက်ရှိပြီး တောင်သူများအား လျာထားချက်နှင့် အညီ စက်တင်ဘာလ ကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးတင်ထွန်းထံမှ သိရ သည်။

ကျော်ဟိန်း(ပြန်/ဆက်)