ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk Show)ကျင်းပ 

ပြင်ဦးလွင် ဇူလိုင် ၂၈ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု(Community Centre) ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကမ္ဘာမြေကြီးလှပဖို့ သစ်ပင်စိုက်ကြစို့ ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ကျင်းပခဲ့သည်။ 

အဆိုပါ အသိပညာပေး Talk Show တွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က အသိပညာပေး Talk Show များစီစဉ်ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး  ကမ္ဘာမြေကြီးလှပဖို့ သစ်ပင်စိုက် ကြစို့ ခေါင်းစဉ်နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်မှ ပစ္စည်းထိန်း - ၅ ဒေါ်အိရွှေစင်က သစ်ပင်စိုက်ခြင်းဖြင့် ကမ္ဘာမြေကြီးအတွက် ရရှိလာမည့် အကျိုး ကျေးဇူးများအကြောင်း၊ လောင်ကျွမ်းမှုများမှတစ်ဆင့် ဖြစ်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ် သည် အန္တရာယ်များသော ရာသီဥတုများကို ဖြစ်ပေါ်လာနိုင်ကြောင်း၊ သစ်ပင်စိုက်ခြင်းဖြင့် အပူချိန်မျှတမှု ဖြစ်ပေါ်လာနိုင်ပုံများနှင့် ကမ္ဘာမြေကြီးလှပဖို့ သစ်ပင်စိုက်ကြစို့ ဆောင်ပုဒ်နှင့် အညီ သစ်ပင်စိုက်ပျိုးသင့်ကြောင်း အကြံပြုချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ စေရန် အသိပညာပေး ဆွေးနွေးပါသည်။ 

ပြင်ဦးလွင်ခရိုင် (Community Centre)တွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွါးရရှိစေရန် ရည်ရွယ်၍ အကြောင်းအရာအလိုက် Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြူလူသစ်