နောင်ချိုမြို့နယ် ငုက္ခလေးအုပ်စု အဝေရာရာမ ငါးဆူကျောင်းတိုက်၌ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်

နောင်ချို ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ အဝေရာရာမ ငါးဆူကျောင်းတိုက်၌ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး သဖန်းကိုင်း ဆရာတော်ထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော် များမှ ဩဝါဒကထာချီးမြှင့်ခဲ့ပြီး ပရိသတ်များကလှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ပိတ်သိမ်းခဲ့ကြသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ နောင်ချိုမြို့ ဓမ္မစကူလ်းကော်မတီဥက္ကဋ္ဌ သဖန်းကိုင်း ပရဟိတ ဆရာတော်ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရ၊ ငါးဆူကျောင်းဆရာတော် ဘဒ္ဒန္တမာနိတနှင့် ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၅ဦး တက်ရောက်ခဲ့ကြောင်း သဖန်းကိုင်းဆရာတော်ထံမှသိရသည်။

ထွေးငယ်၊ပြန်/ဆက်