တပ်ကုန်းမြို့၌ ခွင့်ပြုချက်မရှိသည့် ကျုးကျော်အဆောက်အဦများ ဖယ်ရှားရှင်းလင်းခြင်းဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြို့နယ်ကျုးကျော် အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေးကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရန်ကုန်-မန္တလေး ကားလမ်း၊ မြို့အဝင်/မိုင်တိုင်အမှတ် ၂၄၉/၁ ၊ ရှောက်ကုန်းကွင်း၊ လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနပိုင် လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ကျုးကျော်ဆောက်လုပ်ထားသည့် အဆောက်အဦများကို ယမန်နေ့နံနက်ပိုင်းက စတင်၍ ဖယ်ရှားရှင်းလင်းခဲ့သည်။

ထိုသို့ရှင်းလင်းရာတွင် လူအင်အား၊ ဘက်ဟိုး၊ ပစ္စည်းသယ်မော်တော်ယာဉ်များနှင့် ခြံစည်းရိုး များ၊ ကွမ်းယာဆိုင်များ၊ တဲများ၊ အိမ်များ၊ စုစုပေါင်း(၁၄)လုံးတို့ကို ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်