ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဗိုလ်တထောင် ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက် ၁ဝ နာရီက အမှတ် ၁၀ ရပ်ကွက်၊ အ.ထ.က(၄) ကျောင်းခန်းမ၌ ကျင်းပ‌ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဦးလှဖုန်းကျော်က လုံခြုံရေးကစ္စရပ်များ၊ အဖွဲ့ဝင် (၃) ဦးလှဝင်းမောင်က လဝကလုပ်ငန်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က ဗိုလ်တထောင်မြို့နယ်ဆိုင်ရာ အချက်အလက်များ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး နေမျိုးထွန်းက လုံခြုံရေးဆောင်ရွက်မှုများ၊ အဖွဲ့ဝင် (၂) ဦးအောင်မိုးကျော်က လူမှု့ရေးကိစ္စရပ်များ၊ အဖွဲ့ဝင် (၃) ဦးတင်အောင်ရွှေက လဝကကိစ္စရပ်များဆွေးနွေးပြီး၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများက လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ စုစုပေါင်း (၄၈)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)