သတင်းများ

ကလေးမြို့တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် Video Conferencing ဖြင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jul 30,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှု‌ရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မကွေးတိုင်းဒေသကြီး အတွင်းရှိ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် Video Conferencing ဖြင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကျေးရွာ(၄)ရွာ၌ သောက်သုံးရေဖူလုံရေး ရေပေးဝေးရေးလုပ်ငန်းများ ဆောင်ရွက်ပေး
Jul 30,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာ၌ သောက်သုံးရေဖူးလုံရေး ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ကြောင်း သိရှိရသည်။
မအူပင်ခရိုင်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မအူပင်မြို့ တိုးရွှေဝါခန်းမတွင် ကျင်းပသည်။
မောက်မယ်မြို့နယ်​ ဝေးလံခေါင်ဖျားက ဒူးကြီးဒေသ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆွေးနွေးပွဲကျင်းပ     
Jul 30,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ကျေးရွာများသို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားစေရေးအတွက် လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါသော ပူးပေါင်းကွင်းဆင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီက ကဒူးကြီးကျေးရွာအုပ်စု၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) တည်ရှိရာ ဗန်းမတ်ကျေးရွာသို့ ကျေးလက်ဒေသလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ဆွေးနွေးပွဲသို့ သွားရောက်ကျင်းပခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်၊ ရေဘုတ်ဆည်ဝန်းကျင်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 30,2022
ကရင်ပြည်နယ်၊ဝန်ကြီးချုပ်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် လှိုင်းဘွဲမြို့နယ်၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ ဝန်ထမ်းများပူးပေါင်း၍ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဘုတ်ဆည်အနီး ပတ်ဝန်းကျင်၌ စိုက်ပျိုးခဲ့ကြသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း များ၊ ခရိုင်/ မြို့နယ်တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ
Jul 30,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း အခြေခံပညာသင်ကြားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပညာရေးအခြေခံကောင်းမွန်သည့် လူငယ်၊ လူရွယ်များ အစဉ်အလာမပျက် မွေးထုတ်ပေးနိုင်ရေး အတွက် ပိုမိုကောင်းမွန်သည့် သင်ကြားသင်ယူမှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၄ နာရီခွဲက ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jul 30,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ယနေ့နံနက်(၇:၃၀)နာရီအချိန်က ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း လက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း၊ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စနစ်တကျ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြသည်။