ရန်ကုန်မြိုတော်ဝန် ဦးဗိုလ်ဋ္ဌေး ကမာရွတ်မြိုနယ်အတွင်း ရွေ့လျားစျေးကားဖြင့် စျေးရောင်းချပေးနေမှု ကြည့်ရှုစစ်ဆေး
Jul 30,2022
ရန်ကုန်တိုငိးဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ ဟံသာဝတိအခွန်လွတ်စျေး၊ စည်ပင်အိမ်ရာဝင်းနှင့် ပြည်ရိပ်မွန် အိမ်ရာဝင်းအတွင်း ရွေ့လျားစျေးကား ( Mobil Market ) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ ၊ အသားမျိုးစုံနှင့် ငါး/ ပုဇွန် အမျိုးမျိုးတို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှု့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။