နတ်တလင်း ဩဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေး ခြင်းကို ယနေ့နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အာဟာရဆေးတိုက်ကျွေးခြင်း အစီအစဉ်တွင် (၂)နှစ်နှင့်အထက် ကလေးငယ်များကို သံချဆေးများ တိုက်ကျွေးပေးပြီး၊ (၆)လမှ(၅)နှစ်အရွယ်အထိ ကလေးငယ်များအား ပေါင်ချိန် ခြင်း၊ အာဟာရပြည့်/မပြည့် တိုင်းတာခြင်း၊ ဗီတာမင်(A) တိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကြက်ဥများ ဝေငှဆောင်ရွက်ပေးခြင်းနှင့် ယခုတိုက်ကျွေးပေးမှုမှာ ၂၀၂၂ ခုနှစ်အတွင်း ဒုတိယ ရက်သတ္တပတ် တိုက်ကျွေးခြင်းဖြစ်ပြီး ယနေ့ဆေးတိုက်ကျွေးခြင်းလုပ်ငန်းတွင် ကလေးငယ် (၁၀၃၄)ဦးကို တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး