ရန်ကုန် ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် ယမန်နေ့နံနက်ပိုင်းမှစတင်ကာ အလှူရှင်များက အသင်းရုံးသို့ အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်စိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင်ပေးလျက်ရှိရာ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် မခင်ရီရီသက်မှ မွေးနေ့အလှူအဖြစ် အလှူငွေကျပ်(၁)သိန်း၊မြန်မာ့သစ်လုပ်ငန်း၊ အုပ်ချုပ် ရေးဌာန ယာဉ်မောင်းများ၊ သစ်တောဝင်း ကြို့ကုန်းအနောက်ရပ်ကွက်မှ အလှူငွေကျပ်(၂)သိန်း (၅)ထောင်၊ ကွယ်လွန်သူ မိဘများဖြစ်ကြသော (ဦးစိန်လွင်+ဒေါ်နီနီလွင်)နှင့် ညီမ(မနီမာလွင်)တို့အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၅)သောင်း၊ ဦးမန်းစိန်သင်း+ဒေါ်နိုက်တင်ဂေး တော်ဝင် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး မိသားစုမှ အလှူငွေကျပ်(၁)သိန်း၊ ကွယ်လွန်သူ(ဦးတုတ်ပေါ)အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၂)သိန်း(၂)သောင်း၊ ကွယ်လွန်သူ(ဦးသိန်းမြင့်)အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှအလှူငွေကျပ်(၁)သိန်းနှင့် ကွယ်လွန်သွားကြသော (ဦးထွန်းဝင်း+ ဒေါ်စန်းကြည်)အား ရည်စူး၍ ကျန်ရစ်သူမိသာစုမှ အလှူငွေကျပ်(၁)သိန်းတို့ကို အသီးသီးလာရောက် လှူဒါန်းရာ စိန်ရတနာ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို