သတင်းများ

အရညဝါသီ မိုင်းဖုန်းဆရာတော်ဘုရား မိုးနဲမြို့နယ်သို့ ကြရောက်အပူဇော်ခံတော်မူ ပြည်သူများ ကြက်ပျံမကျစည်ကားစွာ လာရောက်ဖူးမြှော်
Aug 08,2022
အရညဝါသီ အဂ္ဂမဟာကမ္မဌာနာစရိယ မိုင်းဘုန်းဆရာတော်ဘုရား ဘဒ္ဒန္တဉာဏသံဝရ နှင့်သံဃာတော် အရှင်သူမြတ်များ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူ ဆုတောင်ပြည့်ဘုရား ကွင်ပြင်းစင်မြင့်နေရာ၌ ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ကြွရောက်အပူဇော်ခံ‌တော်မူခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်
Aug 08,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ဆက်ရုံး Community Centre  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပန်မြို့နယ်၊ ကျေးရွာစာသင်ကျောင်းစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ဆက်လက်ကွင်းဆင်းထိုးနှံပေး
Aug 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သက်ဆိုင်ရာဆေးထိုးအဖွဲ့များက ရပ်ကွက်၊ ကျေးရွာ စာသင်ကျောင်းစုရပ်နေရာများ၌ လိုက်လံ၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ကျေးရွာ(၇)ရွာရှိ အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။
စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ် အခြေခံပညာမူလတန်းကျောင်း-ဟင်္သာဖို ၏ ကျောင်းဆောင်သစ် မြေနေရာအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကျင်းပ
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်  အခြေခံပညာမူလတန်းကျောင်း- ဟင်္သာဖို ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေနေရာဝယ် ယူရေးအတွက် ထက်ရည်လင်းရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီမှ အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို  စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံး အစည်း အဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ တောင်သူအကျိုးပြုနည်းပညာပေး မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ တောင်သူအကျိုးပြု နည်းပညာပေး မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကွင်းအမှတ် (၁,၁၅၅) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ
Aug 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း တို့ပူးပေါင်းကာ ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်) အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ပိုင်ကျုံမြို့ အ.မ.က တနင်းသရောကျောင်း မြေနေရာအား ခြံစည်းရိုးကာရံခြင်း လုပ်ငန်း ဆောင်ရွက်
Aug 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ၊ ဈေးရောင်းဈေးဝယ်မှုများအဆင်ပြေလွယ်ကူစေရေးနှင့် သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၄၁.၅) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးမြေနေရာအား ခြံစည်း ရိုး ကာရံခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၄ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။