ဟိုပန် ဩဂုတ် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သက်ဆိုင်ရာဆေးထိုးအဖွဲ့များက ရပ်ကွက်၊ ကျေးရွာ စာသင်ကျောင်းစုရပ်နေရာများ၌ လိုက်လံ၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ကျေးရွာ(၇)ရွာရှိ အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။
ဆေးထိုးနှံရာတွင် သက်ဆိုင်ရာဆေးထိုးအဖွဲ့များက ဟိုပန်မြို့နယ်ရှိ မိန်းပန်းကျေးရွာရှိ၊ မူလွန်ကျောင်း၊ စံပြ၊ ဆုတ်ကွန်၊ ဟာဖြတ်၊ ဖာတဲ၊ ပန်မော့နှင့် နမ့်မုန်းကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်၍ ပထမအကြိမ်ထိုးနှံပြီးသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ်အဖြစ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခဲ့သည်။
ဟိုပန်မြို့နယ်တွင် ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဩဂုတ်လ(၃)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကျောင်းသား(၇၂၂)ဦး၊ ကျောင်းသူ(၆၁၈)ဦး စုစုပေါင်း(၁၃၄၀)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)