ဝမ်းတွင်း ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ တောင်သူအကျိုးပြု နည်းပညာပေး မိုးစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကွင်းအမှတ် (၁,၁၅၅) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း မိုးစပါးများအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းအား အမှတ် (၆၀) စက်မှုလယ်ယာစခန်းမှ တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ပြီး မိုးစပါးများအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းအားဖြင့် လယ်ယာလုပ်သားရှားပါးမှု၊ ကောက်စိုက်သမ ရှားပါးမှု၊ ဒေသဝမ်းစာဖူလုံရေး စက်မှုလယ်ယာစနစ် ကူးပြောင်းကျင့်သုံးရေး အစရှိသည့် တောင်သူအကျိုးပြု ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ် စက်မှု လယ်ယာစခန်း ဦးစီးအရာရှိဦးအောင်ဝင်းထံမှ သိရသည်။ တောင်သူများအနေဖြင့် စပါးစိုက်ပျိုးရာသီချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများရှိပြီး ပျိုးနုတ်ကောက်စိုက် လုပ်သားများခေါ်မရ၍ စပါးစိုက်ရာသီတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး ယခုနှစ်မိုးစပါး စိုက်ရာသီတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများကိုဆောင်ရွက်ခဲ့၍ အချိန်ကုန်သက်သာပြီး စိုက်ပျိုးကုန်ကျစရိတ်နည်းခြင်း၊ လုပ်သားရှားပါးသော အခက်အခဲများမရှိခြင်းတို့ကြောင့် စပါးစိုက်တောင်သူများအတွက် များစွာသော အကျိုး ကျေးဇူးများရှိကြောင်း သခွတ်မြင့်ကျေးရွာနေ တောင်သူဦးမြင့်နိုင်မှ ပြောပြသည်။
အဆိုပါ တောင်သူအကျိုးပြု နည်းပညာပေး မိုးစပါးများအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ခြင်းကို ကွင်းအမှတ် (၁၁၅၅)၊ ဦးပိုင်အမှတ် (၁၀၀) ရှိ စိုက်ပျိုးဧက (၂) ဧကတွင် ဆောင်ရွက်ပေးခဲ့ပြီး အမှတ် (၆၀) စက်မှုလယ်ယာစခန်းမှ ဦးစီးဌာနမှုးနှင့် ဝန်းထမ်းများ၊ သခွတ်မြင့်ကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင် (ဝမ်းတွင်း)