သတင်းများ

အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းမာရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြော
Aug 08,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ယနေ့ နံနက်(၉;၃၀)နာရီက  ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းကျန်းမာရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ဆောင်ရွက်ခဲ့သည်။
မြောင်းမြမြို့တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာအတွက် အဝတ်အထည် အိပ်ရာခင်းစောင်များထောက်ပံ့
Aug 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ခရိုင်အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ ဂေဟာသို့ အဝတ်အထည်များ ထောက်ပံ့ခြင်းကို ယမန်နေ့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သထုံမြို့နယ်၌ ‌ဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ
Aug 08,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ယမန်နေ့ နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး
Aug 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်၌ (၁/၂၀၂၂) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်လှစ်
Aug 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၃) စက်မှုလယ်ယာစခန်း သင်တန်းခန်းမတွင် ယနေ့ နံနက်က (၁/၂၀၂၂) လယ်ယာသုံး စက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မိုးကြိုးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ
Aug 08,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က မိုးကြိုးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ (Talk Show)အား ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ညောင်တုန်းမြို့ အားကစားကွင်းသို့ ကြည့်ရှုစစ်ဆေး
Aug 08,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ‌ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ မြို့နယ်အားကစားကွင်းသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။
ရမည်းသင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌလား အသက (၁၈) နှစ်အောက် အမျိုးသမီး‌ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ရမည်းသင်းခရိုင် ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ညနေ ၄ နာရီခွဲက  ကျင်းပပြုလုပ် သည်။