ပိုင်ကျုံ ဩဂုတ် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ၊ ဈေးရောင်းဈေးဝယ်မှုများအဆင်ပြေလွယ်ကူစေရေးနှင့် သွားလာမှုအဆင် ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၄၁.၅) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးမြေနေရာအား ခြံစည်း ရိုး ကာရံခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၄ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဈေးမြေနေရာ ခြံစည်းရိုးသည် အရှည်(၁၂၂၀)ပေ၊ အမြင့်(၆)ပေရှိပြီး လုပ်ငန်း ဆောင်ရွက်မှုများ သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက်ပိုင်ကျုံမြို့ စည်ပင်သာယာရေအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းများ ပြီးစီးပါက မြို့သာယာလှပပြီး အများပြည်သူများ၏ စားဝတ်နေရေး၊ ဈေးရောင်းဈေးဝယ်မှုများ၊ ဈေးဆိုင်နေရာများ နေရာချထားပြီးကုန်စည်စီးဆင်းမှုများ မြန်ဆန်လွယ်ကူလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)