မိုင်းဆတ် ဩဂုတ် ၅
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဉာဏသံဝရ မိုင်းဖုန်းဆရာတော်ဘုရားကြီး သည် ဩဂုတ်လ(၄)ရက်နေ့ညနေပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့သို့ ကြွရောက်တော်မူကာ ဧည့်ပရိတ်သတ်အပေါင်းတို့အား တရားတော်များချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းဖုန်းဆရာတော်ဘုရားကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့က နတ်ဗြဟ္မာအပေါင်းတို့ အားမေတ္တာပို့အမျှပေးဝေခြင်း၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များနှင့် ဒကာ၊ ဒကာမတို့၏ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအမျှပေးဝေကာ တရားတော်များချီးမြှင့်တော်မူခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် မြို့မိမြို့ဖများ ဒေသခံပြည်သူများ ရပ်နီးရပ်ဝေးပြည်သူများက မိုင်းဖုန်း ဆရာတော်ဘုရားကြီးအား ရည်စူး၍လှူဒါန်းထားသည့် ဓမ္မာရုံတွင် လာရောက်ဖူးမြော် ခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)