ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲနှင့် သင်တန်း ဆင်းလက်မှတ်ပေးအပ်ပွဲ ကျင်းပ

ကျောက်ဆည် ဩဂုတ် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်လွဲ (၁) နာရီက အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဇာနီထွန်းက ဒေသတွင်းလုပ်ငန်း လိုအပ်ချက်နေရာများ၌ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အချင်းပြည့်ဝစွာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းခွင်သုံး အခြေခံစာစီစာရိုက်၊ စာရင်းဇယားနှင့် Power Point ပညာရပ်များအား သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းတွင် အစိုးရနည်းပညာအထက်တန်းကျောင်း (IT) ဌာနမှ ကထိကဌာနမှူး ဒေါ်နွယ်နီဝင်း၊ ကထိကဒေါ်အေးအေးမြိုင်နှင့် လက်ထောက်ကထိကဒေါ်နေခြည်စိုလှိုင်တို့မှ လုပ်ငန်းခွင်သုံး အခြေခံစာစီစာရိုက်၊ စာရင်းဇယားနှင့် Power Point ပညာရပ်များအား စာတွေ့လက်တွေ့ (၂) ပတ်ကြာ သင်ကြားခဲ့ကြောင်းနှင့် သင်တန်းသား/သင်တန်းသူ(၂၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်