အိမ်မဲမြို့နယ်အတွင်းရှိ လူဦးရေစာရင်းအား IVLS စနစ်ဖြင့် တိုက်ဆိုင်စိစစ်မှုများကို လာရောက်ကြည့်ရှုစစ်ဆေး

အိမ်မဲ သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရွှေပြည်တန်ခန်းမတွင် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းအား IVLS စနစ်ဖြင့်တိုက်ဆိုင်စိစစ်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိရာ မြောင်းမြခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို မြောင်းမြခရိုင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက အိမ်မဲမြို့နယ် အတွင်းရှိ လူဦးရေ စာရင်းအား IVLS စနစ်ဖြင့် စိစစ်မှုအရလိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် တိုက်ဆိုင်စိစစ်၍ ပြင်ဆင်/ ဖြည့်စွက်/ ပယ်ဖျက်မှုများ ဆောင်ရွက်နေမှု အခြေအနေများကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် တာဝန်ရှိသူများက ကြီးကြပ်ပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာန  ဦးစီးမှူးဦးအောင်နိုင်ဦးထံမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)