သတင်းများ

ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်
Jan 17,2022
ပဲခူးတိုင်း​ဒေသကြီး၊ ​ပြည်ခရိုင်၊ ပန်း​ တောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် အိုမီခရွန်ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး ကြိုတင် ကာကွယ်ရေးအတွက် ယနေ့ နံက်ပိုင်းက ​မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ​ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး ဆိုင်ရာအချက်များအား အသိပေးလိုက်လံနှိုးဆော်
Jan 17,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နေ့လယ်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာ များအရောက် အသိပညာပေး လိုက်လံနှိုးဆော်သည်။
အမ်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အရည်အချင်းမြှင့်မားစေရေး အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များဆွေးနွေးပို့ချ
Jan 17,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အရည် အချင်းမြှင့်မားစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကျင့်သုံးသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များ ဆွေးနွေးပို့ချခြင်းကို ယနေ့နေ့လည် (၁) နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆွေးနွေးပို့ချခဲ့သည်။
မောက်မယ်မြို့နယ်အတွင်းရှိပြည်သူများအား အိုမီခရွန်(OMICRON)COVID-19 မျိုးဗီဇပြောင်း ရောဂါ ကာကွယ်ရေး အသိပညာပေး ဆက်လက်နှိုးဆော်
Jan 17,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း၌ အိုမီခရွန် ( OMICRON)COVID-19မျိုးဗီဇပြောင်းရောဂါ ကူးစက်ပျံ့နှံ့မှုအားကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်
ရေးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် မှတ်တမ်းဓါတ်ပုံတို့အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 17,2022
မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဝင်တွင် အလူမီနီယံမြေစိုက်ဘုတ်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ ဗီနိုင်းနှင့် ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးပိုစတာများအား ယနေ့နံနက်ပိုင်းမှ စတင်၍ ပြသထားရှိရာ စာကြည့်တိုက်လာ စာဖတ်ပြည်သူများက ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။
“နယ်စပ်‌‌ ဒေသမုံးကိုးမြို့အသက်၁၂နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး”
Jan 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ အ‌ခြေခံပညာကျောင်းများ၌ ပညာသင်ကြား နေသည့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ထိုးနှံ‌ပေးသည်။
ဟိုင်းကြီးကျွန်းမြို့ ၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြိုစာအုပ်စာစောင်ပြပွဲကျင်းပ
Jan 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာ အလယ်တန်း ကျောင်းခွဲ (ဟိုင်းကြီးရွာသစ်)ကျောင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) စာအုပ်ရွက်ပြိုင်ပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့သည်။
စစ်တွေမြို့တွင် တည်ထားလျက်ရှိသည့် ရန်ပြေမာန်ပြေဘုရားအထက်ဌာပနာထည့်ပွဲသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်ပူဇော်
Jan 17,2022
ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ဆရာတော်ကြီး ဦးဆောင်မှုဖြင့် စစ်တွေမြို့၊ ဂစ္ဆပတောင်ရပ်ကွက်၌ တည်ထားကိုယ်ကွယ်အပူဇော်ခံမည့် ရန်ပြေမာန်ပြေဘုရားကြီး၏ အထက် ဌာပနာထည့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာတော်ကြီး၏ တပည့်တကာ၊ တကာမများနှင့် အလှူရှင်များတက် ရောက်ပူဇော်ကြသည်။