မိုင်းငေါ့မြို့တွင် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်း ၌ ယနေ့ မွန်းလွဲပိုင်း (၁)နာရီ အချိန်က ကျောင်းသား/ သူ လူငယ်လူရွယ်လေးများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ နေ့ထူးနေ့မြတ်များကို မမေ့အပ်စေ ရန်၊ ပြည်ထောင်စု နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သိရှိလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) တွင်ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။