သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး အတွက် Mask Campaign ပြုလုပ်
Aug 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက ဆီဆိုင်မြို့မဈေးရှေ့၊ တောင်ကြီး-ဆီဆိုင် - လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတွင်ပြုလုပ်ခဲ့သည်။
သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Aug 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ ကာယစွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊
သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး
Aug 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင် သူလယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာယမန်နေ့က ဂုံညှင်းဆိပ်ကျေးရွာ တောင်သူများအတွက် အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်၌ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ကံမမြို့၌ ဟင်းသီးဟင်းရွက်ဆီများ ဖြန့်ဖြူးရောင်းချမှုအား ဈေးကွက်စောင့်ကြည့် လုပ်ငန်းအဖြစ် ကွင်းဆင်းဆောင်ရွက်
Aug 10,2022
မကွေးတို်ငးဒေသကြီး သရက်ခရိုင် ကံမမြို့တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဆီများအား ဈေးကွက်စောင့်ကြည့်လုပ်ငန်းအဖြစ် ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကွမ်းသီးအကင်းနုအသီးများအဝယ်လိုက်၍ ဈေးကောင်းရရှိ
Aug 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းသီးပင်စိုက်ပျိုးသည့် လုပ်ငန်းကိုအဓိကလုပ်ကိုင်လျက်ရှိရာ ကွမ်းသီးအကင်းနုများသည် မေလအတွင်း၌ စတင်ထွက်လျက်ရှိပြီး ပုံမှန်အားဖြင့် အသီးရင့်မှည့်ချိန်မှသာ ခူးယူရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ကွမ်းသီးအကင်းနုများအား လိုက်လံဝယ်ယူခြင်းနှင့် ဒိုင်များဖွင့်လှစ်၍ ဝယ်ယူမှုများရှိခြင်းကြောင့် ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့တွင် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ
Aug 10,2022
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကရင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက ဘားအံမြို့နယ်၊ မုက္ကဒိခေတ်မီစံပြကျေးရွာ၊ အထက်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂရိတ်ဖရုပင်များအတွက် မြေထုပ်စည်းမျိုးပွားခြင်း သင်တန်းဖွင့်လှစ်
Aug 10,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ၊ ဂရိတ်ဖရုပင်များအတွက် မြေထုပ်စည်းမျိုးပွားခြင်း သင်တန်းကို ယမန်နေ့ နေ့လည်(၁)နာရီခွဲအချိန်က ခလရ(၅၂)၊ နန်စီပွန်ရိပ်သာ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တပ်မတော်အရာရှိစစ်သည်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး/သွန်/လဲ/စစ် နှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်
Aug 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် မိုးဦးကျရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအား ကြိုတင်ကာကွယ်တားဆီးရေးအတွက် ဖုံး/သွန်/လဲ/ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၉ နာရီက ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။