ဒိုက်ဦး သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်း က ဒိုက်ဦးမြို့ မြို့မစျေးအပြင်တန်းရှိ သွားတိုက်ဆေးရောင်းချနေသော ဆိုင်များရှိသွားတိုက်ဆေးများတွင် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ် အသားဖော်ပြခြင်း ရှိမရှိစျေးကွက် စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)