သတင်းများ

ကလိန်အောင်မြို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများသို့ ငှားရမ်းပေးခြင်းဆောင်ရွက်
Aug 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်နှင့်အောက် မိုးရာသီအမျိုးသား ဘောလုံးပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်ကျင်းပ
Aug 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် တိုက်နယ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ညွန့်ပေါင်း (၄) ဘောလုံး အသင်းနှင့် ကျုံစုတ်တိုက်နယ် ဘောလုံးအသင်းတို့ ယမန်နေ့ ညနေ (၃)နာရီ (၃၀)မိနစ်အချိန်က မအူပင်မြို့ ပြည်သူ့အားကစားကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြ သည်။
ကွမ်းလုံမြို့၌ ဆောင်းနေကြာသီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် နည်းပညာပေးသင်တန်း အခမ်းအနားကျင်းပပြုလုပ်
Aug 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ဆောင်းနေကြာသီးနှံမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲနှင့် နည်းပညာပေးသင်တန်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွမ်းလုံမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။
ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Aug 19,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို မိဘပြည်သူများသိရှိစေရန် ယနေ့နံနက် ၈ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်၍ အသိပညာပေးနှိုးဆော်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Aug 19,2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်တရားဒေသ၌ ခရမ်းချဉ်သီး ဈေးကောင်းပြန်လည်ရရှိ
Aug 19,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ကုန်စိမ်းသီးနှံအဖြစ် စိုက်ပျိုးသည့် ခရမ်းချဉ်သီးများ ဈေးပြန်လည်ကောင်းမွန်လာခြင်းကြောင့်
ရေဘေးသင့်ပြည်သူများအတွက် ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်
Aug 19,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း​ဒေသကြီး ဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပုသိမ်ခရိုင်နှင့် ပုသိမ်​မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ရေဘေးသင့် ပြည်သူများအတွက် ရိက္ခာနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲကျင်းပ
Aug 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်း ကျောင်း၊ လွိုင်ကော်ကျောင်းခွဲ(ဆိုက်ခေါင်)တွင်