ဒေးဒရဲမြို့၌ ကြေးတိုင်ရ အင်းသားကြီးများမှ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ
Aug 19,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးသယံ ဇာတများ တိုးပွားလာစေရန်နှင့် ငါးရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ကြေးတိုင်ရ အင်းသားကြီးများမှ ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီက ထောင်မှူးချောင်ကျေးရွာအုပ်စု အုန်းတောထိပ်ရှိ တိုးမြစ်၊ သံဒိပ်မြစ်နှင့် အကယ်(ဒုံရမ်း)မြစ် ဆုံရပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။