သတင်းများ

ကလိန်အောင်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား အကန့်အသတ်ဖြင့်‌ရောင်းချခြင်းများ ရှိ/မရှိကွင်းဆင်းကြီးကြပ် စစ်ဆေး
Aug 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးရေးအဖွဲ့က ယနေ့နံနက်(၉) နာရီခွဲ အချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား အကန့်အသတ်ဖြင့်‌ရောင်းချမှုအခြေအနေကိုကွင်းဆင်း ကြီးကြပ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်ရှိ ဆည်များအတွင်း ငါးသားပေါက်ကောင်ရေ ခြောက်သောင်း ငါးမျိုး စိုက်ထည့်
Aug 19,2022
ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသအတွင်း ငါးရိက္ခာ ဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားစေရန် ရည်ရွယ်၍ မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ  မုဒုံမြို့နယ်ရှိ  အဇင်းဆည်နှင့်  ဝင်းဖနုံဆည်အတွင်း ငါးမျိုးစိုက်ထည့် ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အောင်လံမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား (ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး)အခမဲ့ ထောက်ပံ့ ပေးအပ်
Aug 19,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ (၂၀၂၂-၂၀၂၃)ခုနှစ် ချည်မျှင်ရှည်ဝါ တိုးမြှင့်ထုတ်လုပ်ရေး စီမံကိန်းအရ မျိုးစေ့ထုတ်တောင်သူများအား သွင်းအားစု ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
တောင်သာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်ကျိုးကျမှုဖြစ်ပွား   
Aug 19,2022
မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ယမန်နေ့ည (၉)နာရီ (၄၅)မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်မီးတိုင်း (၂) တိုင် ကျိုးကျခဲ့ပြီး ကျေးရွာ (၃၂) ရွာ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကရသူရိမြို့တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပေးနှိုးဆော်
Aug 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ပြည်သူများအား အိုမီခရွန် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 19,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများကို Booster Does ဆေး ဆက်လက်ထိုးနှံပေး
Aug 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွှန်မျိုး စိတ်သစ်ဖြစ်သည့် BA.4 နှင့် BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူများကို Booster Does ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပုလောမြို့နယ်ခန်းမ၌ ပုလောမြို့ပေါ် ရပ်ကွက်နေ ပြည်သူများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေး
Aug 19,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများ အရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။