သတင်းများ

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Aug 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှောဖလှယ်တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က စာရေးဆရာ ရွှေဒါးမောင်မြင့်ထွန်း ရေးသားသည့် "ကျောင်းသားလူငယ်နှင့် စာဖတ်ခြင်း" စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရွှေဘိုခရိုင်ရုံး (Community Centre)ခန်းမတွင် ပလတ်စတစ်စွန့်ပစ်ခြင်းအ​ကြောင်း အသိပညာပေး (Talk Show)ဆောင်ရွက်
Aug 19,2022
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပလတ်စတစ်စွန့်ပစ်ခြင်းအ​ကြောင်း အသိပညာ‌ပေး(Talk Show)ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် မိုးရာသီဘောလုံးပြိုင်ပွဲ ကျင်းပ
Aug 19,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် မိုးရာသီ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲက အဆိုပါသင်တန်းကျောင်းရှိ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ငူ၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာ‌‌စောင်များ ငှားရမ်း
Aug 19,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေကို လက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ ​စာဖတ်သည့် အလေ့အထများ ရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး၊ အမှန်နှင့်အမှားကို‌ ဝေဖန်ပိုင်းခြားတတ်‌စေရန်၊ လူငယ်လူရွယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်‌စေရန်ရည်ရွယ်၍၊ ရွေ့လျား‌စာကြည့်တိုက်‌ မော်တော်ယာဉ်ဖြင့် စာအုပ်စာ‌စောင်များအား ပြည်သူများလက်ဝယ်အရောက် သွားရောက် ငှါးရမ်း‌ဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့ နံနက်ပိုင်းက ခရိုင်နှင့်​ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ရုံး သို့သွား‌​ရောက် ငှါးရမ်း‌ ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် ငွေစာရင်း၊ ဒုလက်ထောက်ကြီးကြပ်ရေးမှူးနှင့် IP Networking သင်တန်းများ ဆင်းပွဲအခမ်းအနားကျင်းပ
Aug 19,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် ငွေစာရင်းသင်တန်း အမှတ်စဉ်(၁၈/၂၀၂၂) ဒုလက်ထောက်ကြီးကြပ်ရေးမှူးသင်တန်း အမှတ်စဉ် (၄၅/၂၀၂၂)နှင့် IP Networking သင်တန်း အမှတ်စဉ်(၆/၂၀၂၂)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
စဉ့်ကိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Aug 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယနေ့ နံနက်(၁၁) နာရီက Woman Club အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကံမမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ရေယာဉ်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ ပြေးဆွဲနိုင်ရေး ကွင်းဆင်း စစ်ဆေး
Aug 19,2022
မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် ရေယာဉ်များအား မိုးရာသီကာလ ဘေးအန္တရာယ်ကင်းရှင်းစွာ      ပြေးဆွဲနိုင်ရေးအတွက် လိုင်စင်စည်းကမ်းချက်များနှင့်အညီ
ဖျာပုံမြို့၌ ပြည်သူများ စျေးနှုန်းချိုသာစွာ ဆီဝယ်ယူနိုင်ရေးစားအုန်းဆီတစ်ပိဿာလျှင် ၃၈၀၀ ဖြင့် ရောင်းချပေး
Aug 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် ဆီလုပ်ငန်းရှင်များက ပြည်သူများစျေးနှုန်းချိုသာစွာ ဆီဝယ်ယူနိုင်ရေးအတွက် အမှတ် (၆)ရပ်ကွက် ရွှေကောင်းစံဆီဆိုင်တွင် လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်း ဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၃၈၀၀ ကျပ်နှုန်း ရည်ညွှန်း​စျေးဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် စတင်ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။