သတင်းများ

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Aug 19,2022
မွန်ပြည်နယ်၊ သထုံမြိုရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Aug 19,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား စိတ်ကြိုက် ပန်းချီဆွဲပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁)နာရီခွဲက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Aug 19,2022
ပြည်သူများ အသိပညာရရှိစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို အပတ်စဉ် လစဉ် တင်ပြ ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် အသိပညာပေးTalk Showကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
သရက်မြို့၌ လူငယ်နှင့် စာဖတ်ခြင်းအလေ့အကျင့် ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Aug 19,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူငယ်နှင့် စာဖတ်ခြင်း အလေ့အကျင့် ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်ပခဲ့သည်။
မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ (၆)လတာ လုပ်ငန်းဆောင်ရွက်မှုအပေါ်ညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (၁.၂.၂၀၂၂) ရက်နေ့မှ (၃၁.၇.၂၀၂၂) ရက်နေ့အထိ (၆)လတာ လုပ်ငန်းဆောင်ရွက်မှုအပေါ် ညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့ နံနက် (၁၀)နာရီက မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မြို့သစ်မြို့နယ်တွင် မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 19,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာရရှိစေရန် ရည်ရွယ်၍ မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဟောပြောဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ် အရှေ့ကန်ဘောင်ကျေးရွာတွင် လျှပ်စစ်မီး စတင် ရရှိ
Aug 19,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အရှေ့ကန်ဘောင်ကျေးရွာတွင် လျှပ်စစ်ဓာတ်အား စတင် ပို့လွှတ်နိုင်ပြီဖြစ်သည်။ ယခင်ဆိုလာစနစ်၊ ရေနံဆီမီးခွက်၊ ဖယောင်းတိုင်မီးထွန်းစနစ်မှသည် ယခုအခါ ကျေးရွာပြည်သူများ၏ ကိုယ်ထူကိုယ်ထထည့်ဝင်ငွေ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ဒေသ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာကြစေရန် အသိပညာနှင့်အတတ်ပညာများ၊ ဗဟုသုတပိုမိုကြွယ်ဝ၍ လူမှုဘဝပြည့်စုံလာစေရန် ပံ့ပိုးကူညီမှုဖြင့် အိမ်ခြေ(၂၂၀)အိမ်ရှိရာ အိမ်ခြေ(၁၇၈)အိမ် လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီဖြစ်သည်။
ဇီးကုန်းမြို့နယ် ရွှေကြို့ပင်(ရွာမ) ကျေးရွာရှိ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 19,2022
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရွှေကြို့ပင် (ရွာမ)ကျေးရွာရှိ ကျေးလက်နေတောင်သူများ၏ လယ်ယာထွက်ကုန် သီးနှံများ ရာသီဥတုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိဘဲ ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်မီသယ်ယူပို့ဆောင်နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် က တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။