သတင်းများ

ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Aug 19,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
ကျောက်တလုံးကြီးမြို့တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး (Talk Show) ကျင်းပ
Aug 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးခရိုင်၊   ကျောက်တလုံးကြီးမြို့တွင် ပလတ်စတစ် သုံးစွဲမှုလျှော့ ချ‌ရေး အသိပညာပေး (Talk Show)ကို  ယနေ့နံနက်(၉) နာရီ ခန့်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြန်မာ့ရိုးရာခြင်းလုံးသင်တန်း ဖွင့်လှစ်သင်ကြား
Aug 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာခြင်းလုံးသင်တန်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုနှင့် ရေကြီး၊ ရေလျှံမှုတို့ကြောင့် နေအိမ်အချို့ပစ္စည်း ဆုံးရှံးခဲ့မှုအပေါ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
Aug 19,2022
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယမန်နေ့ နေ့လယ်တွင် ပေါင်မြို့နယ်အတွင်းရှိ ဝဲပတန် ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုနှင့် ဒရိန်းကျေးရွာတွင် ရေကြီးရေလျှံမှုတို့ကြောင့် နေအိမ် အချို့ ပစ္စည်းဆုံးရှံးခဲ့မှုအပေါ် ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး(၂၃၃၄၃)ဦး ထိုးနှံပြီးဖြစ်
Aug 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများကို အသက်(၅)နှစ်မှ(၁၅)အတွင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းပြင်ပကလေးသူငယ်များ၊ အသက်(၁၅)မှ(၁၈) နှစ်အတွင်းရှိ သာမဏေများ၊ သီလရှင်များ၊ ကျောင်းသား/ကျောင်းသူများ၊ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကို ပထမ အကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး (၂၃၃၄၃)ဦး ထိုးနှံ ပေးပြီးဖြစ်ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Aug 19,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အွန်လိုင်းမှတစ်ဆင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် (၉)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့၌ ပြည်သူများ စာပေဖတ်ရှုမှု အလေ့အထ ဖြစ်စေရန် ရည်ရွယ်၍ နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Aug 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိစေပြီး အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ် စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့များ၏လက်ဝယ်အရောက် စာအုပ်များငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ခရိုင်သာသနာရေးဦးစီးဌာနတွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့၌ ဝါတွင်းကာလ ဥပုသ်နေ့တွင် သံဃာတော်များနှင့် သီလရှင်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ​
Aug 19,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ဝါတွင်းကာလအတွင်း သံဃာတော်များနှင့် သီလရှင်များအား ဒုတိယ အကြိမ် ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီက ပြုလုပ်ခဲ့သည်။