သတင်းများ

ကော့မှူးမြို့၌ မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ
Aug 19,2022
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီက မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ အများပြည်သူသွားလာရ အဆင်ပြေစေရေး YBS 23 ပြေးဆွဲနိုင်ရေး လမ်းများပျက်စီးချို့ယွင်းနေမှု တာဝန်ရှိသူများ ကြည့်ရှု့စစ်ဆေး
Aug 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အများပြည်သူအားခရီးသည် ပို့ဆောင်နိုင်ရေးအတွက် တွံတေး-လှိုင်သာယာ (BOC)၊ တွံတေး-ဒလမြို့နယ်များသို့ YBS 23 ယာဉ် ပြေးဆွဲမည့်လမ်းများပျက်စီးချို့ယွင်းမှု၊ ယာဉ်ရပ်နားမည့်ယာယီနေရာများအား တာဝန်ရှိသူများက ယမန်နေ့က လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်တစ်ပင်ပြိုလဲ
Aug 19,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် လသာရပ်ကွက်တွင် သစ်ပင်ကြီး တစ်ပင်ပြိုလဲပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် ဌာနဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး (၃/၂၀၂၂) အစည်းအဝေးကျင်းပ
Aug 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ဌာနဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် စီမံအုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ
Aug 19,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club၊ Youth Club တို့ ပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် လူငယ်တွေစဉ်းစားဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ က လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး
Aug 19,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်မှ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့(၁)သည် ရဲမွန်တောင်ရပ်ကွက်အတွင်း နယ်မြေစိုးမိုးရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရဲမွန်တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာမြင်းခြံ ကျော်အောင်(ခ)သန်းထက်စံရေးသားသည့် ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Aug 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှု့သည့် အလေ့အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မြင်းခြံအောင်ကျော်(ခ)သန်းထက်စံ ရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းကို ဆင်စာအုပ်ဖြင့်ယနေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သနပ်ပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ
Aug 19,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်း က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။