သတင်းများ

ဆီဆိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာ အသိပညာပေး(Talk Show) ကျင်းပ
Aug 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းဘေးတုံ့ပြန်ရေး ဆိုင်ရာအသိပညာပေး(Talk Show)ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းတုံမြို့နယ်၌ မိုင်းတုံ-ပုံပါကျင်-ဘီပီဝမ်းသွားလမ်းအား နှစ်လွှာတစ်ထပ်ဘေလီတံတား(၁) စင်း တိုးချဲ့တည်ဆောက်
Aug 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်၊ ဩဂုတ်(၁၁)ရက်နေ့ ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျ‌ရေများပြင်းထန်မှုကြောင့် ဟွေအောကျေးရွာအနီး မိုင်းတုံ-ပုံပါကျင်-ဘီပီဝမ်းသွားလမ်း( ၄၄ km - ၄၅km)ကြားရှိ တံတားအမှတ် (၁/၄၅)အရှည်(၄၀)ပေ၊ အကျယ်(၂၂)ပေ၊ အမြင့်(၁၂)ပေရှိ ကျောက်စီဂုံးတံတားနှင့် ချဉ်းကပ်လမ်းသား နှစ်ဖက်အပါအဝင်ပေ(၁၃၀)ခန့် ဆုံးရှုံးမှု တန်ဖိုး (၄၈) သန်းရှိခဲ့‌ကြောင်း သိရသည်။
အထက(၁)ကျောင်းတွင် ၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
Aug 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ၂ဝ၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်၊ အလက(ခွဲ) မယ်နင်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း
Aug 23,2022
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးနှင့် ပလပ်စတစ်အန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မယ်နင်ကျေးရွာ အလက(ခွဲ)ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် က‌လေးငယ်များအတွက် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက်ကွင်းဆင်းပေးအပ်
Aug 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင် နှင့် အသက်(၂)နှစ်အောက် က‌လေးငယ်များအတွက် ထောက်ပံ့ရေးအစီအစဉ် (MCCT) အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် ကွင်းဆင်းပေးအပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးဆော်ဩခြင်းနှင့် Pump ဆီဆိုင်များအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 23,2022
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပေးနေမှု၊ အပိုဆောင်း Booster Dose ကာကွယ်ဆေးထိုးနှံ‌ရေး အသိပေးဆော်ဩခြင်းနှင့် pump ဆီဆိုင်များအား မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့၊ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ အသိပညာပေးဓာတ်ပုံပြပွဲဆောင်ရွက်
Aug 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ (Community Centre)ခန်းမ၌ အသိပညာပေးဓာတ်တ်ပုံပြပွဲအား ယနေ့ နံနက် ၉ နာရီအချိန်ခန့်က
ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နဲ့အနာဂတ် စာဖတ်ဝိုင်း ကျင်းပ
Aug 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုး၍ ဖွံဖြိုးတိုးတက်အောင် ကြိုးပမ်းရေးအတွက် လူငယ်များ စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတ ကြွယ်ဝစေရန်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာ‌ပေဖတ်ရှု ရာမှတစ်ဆင့် အသိပညာ၊ ဗဟုသုများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉:၀၀ နာရီမှ မွန်းတည့် ၁၂:၀၀ အထိ ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နဲ့အနာဂတ် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။