သတင်းများ

ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Aug 23,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ “ဒေါက်တာခင်မောင်ညို” ရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ကျောက်တံခါးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြင့်မားရေးအတွက် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Aug 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသားကျောင်းသူများ စာအုပ်စာစောင်များနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
ကမာရွတ်မြို့နယ်၌ မျောက်ကျောက်ရောဂါအသိပညာပေး Tallk Show ကျင်းပပြုလုပ်
Aug 23,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်း က မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Aug 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Aug 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း၊ ပုံမှန်ရောင်ချခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်း ရှိ /မရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အခွန်ဦးစီးဌာနတို့မှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ စာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Aug 23,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် လူငယ်များစာဖတ်ရှိန်မြှင်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၁)နာရီက ကော့ကရိတ်မြို့ လှိုင်ဝကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ သည်။
သာယာဝတီမြို့နယ်၌ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး
Aug 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဒလ-တွံတေး ကားလမ်းတွင် YBS ယာဉ်လိုင်းစတင်ပြေးဆွဲ
Aug 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်မှ တွံတေးမြို့နယ်သို့ YBS-၂၃ ယာဉ်လိုင်းသည် ယမန်​​နေ့နံနက်ပိုင်းက စတင်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။